ချောင်းဆုံမြို့နယ်၌ နယ်လှည့်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ အခမဲ့လူနာရှာဖွေကုသခြင်းများ ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ နိုဝင်ဘာ ၂၁

ချောင်းဆုံမြို့နယ်၌ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် (IOM)အဖွဲ့တို့ပူးပေါင်း၍ နယ်ကျန်းမာရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် အခမဲ့လူနာရှာဖွေကုသခြင်းများကို နိုဝင်ဘာ(၁၈)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၂၀)ရက်နေ့က ချောင်းဆုံအရှေ့ရပ်ကွက် ဝင်ဂလုံစေတီဓမ္မာရုံတွင် လူနာရှာဖွေကုသခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ နယ်လှည့်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ ခေတ်မီဒစ်ဂျစ်တယ်ဓါတ်မှန်စက်ဖြင့် အဆုတ်နှင့်ရင်ခေါင်းရောဂါများ ၊ တီဘီရောဂါများ၊ သွေးတိုး၊ ဆီးချိုစသည့် ရောဂါများကို အခမဲ့စစ်ဆေးကုသပေးခြင်းနှင့် လိုအပ်သော ကုသရေးအစီအစဉ်များ လမ်းညွှန်ပေးခဲ့ကြကြောင်း နိုဝင်ဘာ(၂၀)ရက်နေ့အထိ လူနာ(၂၉၀)ဦးခန့်ကို အခမဲ့ရောဂါရှာဖွေကုသခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် လူနာရှာဖွေကုသခြင်းလုပ်ငန်းများကို မြို့နယ်အတွင်း နိုဝင်ဘာ(၂၈)ရက်နေ့အထိ စုရပ်နေရာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)