ပဲခူးမြို့နယ် ကလျာဏီရပ်ကွက်ရှိ ဆေးဆိုင်များအား တရားမ၀င်မှတ်ပုံမတင်ထားသော ဆေးဝါးများ ရောင်းချခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး

ပဲခူး နိုဝင်ဘာ ၂၁

ပဲခူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ကလျာဏီရပ်ကွက်အတွင်းရှိ ဆေးဆိုင်များအား တရားမ၀င် မှတ်ပုံမတင်ထားသော ဆေးဝါးများ ရောင်းချခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကလျာဏီရပ်ကွက်၊ အနောက်မင်းလမ်းရှိ ဆေးဆိုင် ၂ ဆိုင်နှင့် ရွှေသာလျောင်းလမ်းမတန်းရှိ ဆေးဆိုင် ၄ ဆိုင်၊ စုစုပေါင်း ဆေးဆိုင် ၆ ဆိုင်တို့အား စစ်ဆေးခဲ့ရာ တရားမ၀င်မှတ်ပုံမတင်ထားသော ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပြီး တရားမ၀င် မှတ်ပုံမတင်ထားသော ဆေးဝါးများ ရောင်းချခြင်းမပြုရန် သတိပေးခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)