(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

သာကေတ နိုဝင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်၌ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင်ကျရောက်မည့် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပခဲ့သည်။

အဆိုပါ (၁၀၄)နှစ်မြော​က် အမျိုုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၌ သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဆောင်းနှင်းဖြူမှ ပြပွဲ၊ ပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်၊ ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကိုပြောကြားခဲ့ပြီး မြို့နယ် Book Club (ဥက္ကဋ္ဌ)စာရေးဆရာမနန်းဟင်းပြင်းက (၁၀၄)နှစ်​မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ် လာပုံသမိုင်းအားဟောပြောခဲ့သည်။

ဆက်လက်ပြီး အမှတ်(၁)နှင့် အမှတ်(၂၄)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၆)ဦးက အတုမြင်အတက်သင်၊ ပညာရှိသတိဖြစ်ခဲစသည့်ခေါင်းစဥ်များဖြင့် ယှဥ်ပြိုင်ခဲ့ကြသည့် ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများအား တက်ရောက်လာကြသည့် မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုများအား ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်ပြီး (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုအဖြစ် ပြသထားသည့်နံရံကပ်စာစောင်များအား အမှတ်(၁)နှင့်အမှတ်(၂၅)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာခဲ့ကြသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)