ကျိုက်လတ် နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ငပိချောင်းကျေးရွာအုပ်စု၊ စပ်စုကျေးရွာ၌ မြန်မာသက်ကြီးဖောင်ဒေးရှင်း၏ အဋ္ဌမအကြိမ်မြောက် သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာညီလာခံအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြန်မာသက်ကြီးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းတင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာသက်ကြီးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းတင်က သက်ကြီးအဖွဲ့၏ရည်ရွယ်ချက်များနှင့် နောက်ခံသမိုင်းကြောင်းများနှင့်ပတ်သက်၍ ကဏ္ဍတစ်ခုခြင်းအလိုက် ရှင်းလင်းပြောကြားပြီး Myanmar Aging Network ဥက္ကဋ္ဌ ဒေါ်ခင်ငယ်အောင်က သက်ကြီးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်၊၊ မြန်မာသက်ကြီးဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးရှိန်ဝင်းက မြန်မာသက်ကြီးဖောင်ဒေးရှင်း၏ အစီရင်ခံစာအား ကောက်နှုတ်တင်ပြပြီး ဘဏ္ဍာရေးမှူး ဦးစိုးဝင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘဏ္ဍာရေး ရှင်းတမ်းအား ရှင်းလင်းပြောကြား၍ ကျိုက်လတ်မြို့နယ် သက်ကြီးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြန်မာသက်ကြီးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းတင်တို့သည် သက်ကြီးဘိုးဘွားများအား ပြုစုစောင့်ရှောက်နေမှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ ခရိုင်ဦးစီးမှူးဒေါ်ခင်ထွေးကြည်၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာသက်ကြီးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းတင်နှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ် (ပြန်/ဆက်)