မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (ကမ္ဘာ့ကလေးများနေ့)အထိမ်းအမှတ် အခမ်းအနားတက်ရောက်
၂ဝ၂၄ ခုနှစ်၊ (၃၅)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (ကမ္ဘာ့ကလေးများနေ့)အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်နေ့နံနက် ၉ နာရီက မကွေးမြို့နယ် စုပေါင်းရုံးခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီးအတွင်း ကလေးသူငယ်အရေးကို ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကလေးသူငယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။