(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

ညောင်ဦး နိုဝင်ဘာ  ၂၁

(၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အား မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိရှိလေ့လာမှတ်သားနိုင်ရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ဖြန့်ဝေပေးခဲ့ကြာင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နှုတ်ချက်များနှင့် အမျိုးသားညီညွတ်ရေး၊ မွေးရာပါအမျိုးသားရေးတာဝန်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့၊ အမျိုးသားရေးစိတ်ဓာတ်အားမာန်၊ မြင်းမူမောင်နိုင်မိုး၏ အမျိုးသားအောင်ပွဲနေ့(ကဗျာ)၊ နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့ စသည့် အကြောင်းအရာများ ပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်)မှ အစောင်ရေ (၁၀၀၀၀၀) ထုတ်ဝေ၍ ပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း