ရွှေတောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲဆောင်ရွက်

ရွှေတောင် နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က အမျိုးသားရေးစိတ်ဓာတ်များရှင်သန်ထက်မြက်လာစေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်လာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် စာပေချစ်သူများအသင်း(Book Club)နာယက၊ ဆရာကြီးဦးအုန်းမောင်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်နှင့် တာဝန်ရှိသူများက ပုံပြောပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၄)နှစ်မြောက်၊ အမျိုးသားအောင်ပွဲရေးနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်