ကရသူရိမြို့ ၌ ကျောင်းသား/ ကလေးငယ်များအား ဉာဏ်စမ်းပြိုင်ပွဲကျင်းပ

ကရသူရိ နိုဝင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ ဉာဏ်ရည်ဖွံ့ဖြိုး၍ စိတ်ရွှင်လန်းစေ‌ရေး ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့လာရောက်ကြသည့် ကျောင်သား/သူကလေးငယ်များ အသိပညာဗဟုသုတများရရှိရေး၊ စာပေဝါသနာရှင်များထွန်းကားရေးနှင့် ဉာဏ်ရည်/ ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်၍ ထူးချွန်ထက်မြက်စေရန် ကျင်းပပြုလုပ်ခြင်းဖြစ်ရာ အဆိုပါပြိုင်ပွဲသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား သူ(၁၅)ဦး ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)