ကျုံပျော် နိုဝင်ဘာ ၂၁
၂၀၂၄-၂၀၂၅ ခုနှစ် ကျုံပျော်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ဆောင်းနေကြာသီးနှံစုပေါင်းမျိုးစေ့ချ စိုက်ပျိုးပွဲကိုဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အင်းမကျေးရွာအုပ်စု၊ တောင်သူဦးချက်၏ ကွင်းအမှတ်(၃၉၇)၊ ဦးပိုင်အမှတ်(၃/၁)၊ ဧရိယာ(၅.၀၀)ဧကရှိလယ်မြေအတွင်း၌ ယမန်နေ့နံနက်က ပြုလုပ်သည်။
အခမ်းအနားသို့ ကျုံပျော်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးဦးမင်းနောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူများထံသို့စိုက်ပျိုးမည့် နေကြာမျိုးစေ့များအား အသီးသီးပေးအပ်ခဲ့ကြပြီး ရေဆင်းစပ်မျိုး(၁) နေကြာမျိုးအား တက်ရောက်လာသူများနှင့် တောင်သူများစုပေါင်း၍ မျိုးစေ့ချစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)