သာပေါင်း နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၌ ပုသိမ်ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအတွင်းရေးမှူးနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မိုးစပါးစံကွက်(၅)ဧကစိုက်ပျိုးဖြစ်ထွန်း ရိတ်သိမ်းထွက်ရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအတွင်းရေးမှူး ဒေါ်အေးအေးမူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီအတွင်းရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးမျိုးမြင့်လွင်နှင့်အဖွဲ့ဝင်တို့က စပါးရိတ်သိမ်းချိန် အလေအလွင့်နည်းနိုင်သမျှနည်းစေရန်၊ ရိတ်သိမ်းချိန်လွန်နည်းပညာများ ဖြန့်ဝေပေးပြီး နောက်ထပ် နွေစပါးသီးထပ် အချိန်မီစိုက်ပျိုးနိုင်ရေး တွန်းအားပေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ရုံးပင်ကျေးရွာအုပ်စု၊ ဆင်ကုန်းကျေးရွာ၊ ကွင်းအမှတ်(၈၁၄)၊ ဦးပိုင်(၈၀/၂)၊ တောင်သူ ဦးတင်အောင်သန်း၏ မိုးစပါး စံကွက်(၅)ဧက ရိတ်သိမ်းရာ ယခင်နှစ်(၉၃)တင်း ထွက်ရှိခဲ့ပြီး ယခုနှစ် အစိုဓာတ်(၂၁)၊ (၁)ဧက အစို(၁၁၀)တင်း၊ အခြောက်(၁၀၁.၅)တင်း စိုက်ပျိုးဖြစ်ထွန်းထွက်ရှိမှု အခြေအနေများအားကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်