ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုအား ကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်ကျင်းပ ပြုလုပ်မြဲဖြစ်သည့် ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စု၊ သက္ကယ်ဆိပ်ကျေးရွာရှိ တောင်သူ ဦးသောင်းချစ်၏ ကွင်းအမှတ်(၇၂၃)၊ ဦးပိုင် (၅၉/က)မှ စိုက်ဧက (၈)ဧက မျိုးစေ့ထုတ်စိုက်ခင်းတွင် ယမန်နေ့နံနက် (၉) နာရီအချိန်၌  မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

သဲကုန်းမြို့တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့၌ ရာသီဥတုပြောင်းလဲမှု အကျိုးအဆက်များ၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့အန္တရာယ်များ စသည်တို့ကို သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့နေ့လယ် ၁ နာရီက ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အ.ထ.က သဲကုန်းကျောင်းတွင် ပြုလုပ်ခဲ့သည်၊၊

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ်၌ သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် တိရစ္ဆာန်များပျက်စီးဆုံးရှုံးမှုအတွက် ဒေသဝက်(၈၆)ကောင်နှင့် ဒေသကြက်ပေါက်(၁၀၅)ကောင်ထောက်ပံ့ ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သဘာဝဘေးရေကြီး နစ်မြုပ်မှုကြောင့် တိရစ္ဆာန်များပျက်စီးဆုံးရှုံးမှုအတွက် ဒေသဝက်(၈၆)ကောင်နှင့် ဒေသကြက်ပေါက် (၁၀၅)ကောင် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့ဦးရပ်ကွက် နယ်မြေ(၁) ဝက်မွေးမြူသူ ဦးဇော်ဝင်းခြံ၌ ကျင်းပပြုလုပ်သည်။

မြောင်းမြမြို့တွင် မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉း၃၀) နာရီအချိန်က ကညင်ကုန်းကျေးရွာအုပ်စု၊ တောင်ပေါ်စုကျေးရွာ အ.ထ.က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့တွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများအကြောင်း အသိပညာပေး ဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများအကြောင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အ.ထ.က ကျွန်းစုကျောင်း၌ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ခန္တီးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် သက်ငယ်မုဒိမ်းမှုလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်အသိပညာပေးလုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဓါတ်ပုံ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် (၁၀) နာရီအချိန်က သက်ငယ်မုဒိမ်းမှု လျော့ပါးရေး အသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေ ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မုဒုံမြို့၌ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြော

မွန်ပြည်နယ် မုဒုံမြို့တွင် ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/ မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၁ ရက်နေ့က အ.ထ.က (၃)ကျောင်း၌ ပြုလုပ်သည်။

ကသာမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကသာခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြုလုပ် ဆောင်ရွက်ခဲ့သည်။
Subscribe to