ခန္တီးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် သက်ငယ်မုဒိမ်းမှုလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ခန္တီး နိုဝင်ဘာ ၂၃

ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်အသိပညာပေးလုပ်ငန်းများဖြစ်သည့် ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဓါတ်ပုံ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် (၁၀) နာရီအချိန်က သက်ငယ်မုဒိမ်းမှု လျော့ပါးရေး အသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူထွန်းက သက်ငယ်မုဒိမ်းနှင့်ပတ်သတ်၍ ဖြစ်ပွားနိုင်မှုအခြေအနေများ၊ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ဝေထားသည့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဇေယျာရွှေမြေလက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)