ဘိုကလေးမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပ

ဘိုကလေး နိုဝင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စု၊ သက္ကယ်ဆိပ်ကျေးရွာရှိ တောင်သူ ဦးသောင်းချစ်၏ ကွင်းအမှတ်(၇၂၃)၊ ဦးပိုင် (၅၉/က)မှ စိုက်ဧက (၈)ဧက မျိုးစေ့ထုတ်စိုက်ခင်းတွင် ယမန်နေ့နံနက် (၉) နာရီအချိန်၌  မိုးစပါးစံကွက် ရိတ်သိမ်းပွဲ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

ရိတ်သိမ်းရာသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ကော်မတီဝင်ဌာနဆိုင်ရာများ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်အားပေးကြပြီး မိုးစပါးရာသီ၌ စိုက်ပျိုးခဲ့သော ရက် (၉၀) (FS) စပါးမျိုးအား ရိတ်သိမ်းရာ စံကွက်အထွက်နှုန်း တစ်ဧကလျှင် အစိုတင်း (၁၂၃.၈၆) တင်းနှင့် အခြောက်တင်း (၁၁၃.၈၆) တင်း ထွက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)