ကသာမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကသာ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကသာခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

သင်တန်းဖွင့်ပွဲအမ်းအနားတွင် ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားရာ၌ ယခုသင်တန်းမျိုးသည် ကျေးလက်နေ ပြည်သူများနှင့် မြို့ပြအခြေခံ လူတန်းစားမျးအတွက် စီးပွားရေးလုပ်ငန်းတွင် အထောက်အကူပြုနိုင်ရန် ဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်ပါကြောင်း၊  ဒေသတစ်ခု ထွက်ကုန်တစ်ခုပေါ်ပေါက်လာစေရေး၊  အသေးစားစက်မှုလက်မှု လုပ်ငန်းငယ်များ ပေါ်ထွန်းလာစေရန်၊ မိသားစုအပိုဝင်ငွေတိုးပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၏ တစ်စိတ်တစ်ပိုင်းကို လူငယ်လူရွယ်များဦးဆောင်ပြီး လူငယ်ကဏ္ဍမြှင့်တင် ဆောင်ရွက်ရေးတို့ကိုရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းပြီးမြောက်သွားပါက အမှန်တကယ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူ သင်တန်းသား (၅) ဦးအား ထောက်ပံ့ပေးသွားနိုင်ရေး ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းကို (၂၂-၁၁-၂၀၂၄) ရက်နေ့မှ (၂၆-၁၁-၂၀၂၄)ထိ ကသာခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ယာယီသင်တန်းခန်းမတွင် သင်တန်းသား/သင်တန်းသူ (၂၀) ဦးဖြင့် စာတွေ့လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်