ဟိုပုံး နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်ကျင်းပ ပြုလုပ်မြဲဖြစ်သည့် ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် မီးပဒေသာလှည့်လည်ခြင်း၊ ဈေးရောင်းပွဲတော်၊ ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာမီးပဒေသာလှည့်လည်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ စိန်နားပန်မီးပျံနှင့် ညမီးကြီးမီးပုံး ပျံများ လွှတ်တင်ပူဇော်ပြီး ရပ်နီး/ရပ်ဝေး ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲတော်ကို နိုဝင်ဘာလ (၁၉)ရက်နေ့မှ နိုဝင်ဘာလ(၂၃)ရက်နေ့ထိ မီးပုံးပျံငယ်၊ ညမီးကြီးမီးပုံးပျံနှင့် စိန်နားပန်မီးပုံးပျံများ၊ မီးပဒေသာလှည့်လည်ပူဇော်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
ခရိုင် (ပြန်/ဆက်)