သဲကုန်းမြို့တွင် ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

သဲကုန်း နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့၌ ရာသီဥတုပြောင်းလဲမှု အကျိုးအဆက်များ၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့အန္တရာယ်များ စသည်တို့ကို သိရှိနားလည်စေရန်နှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့နေ့လယ် ၁ နာရီက ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အ.ထ.က သဲကုန်းကျောင်းတွင် ပြုလုပ်ခဲ့သည်၊၊

ဟောပြောပွဲတွင် သဲကုန်းမြို့နယ် သစ်တောဦးစီးဌာန၊မြို့နယ် ဦးစီးမှူးဦးသိန်းလွင်က ရာသီဥတုပြောင်းလဲလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းအား လျှော့ချရမည့်နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာမှုနှင့် လျှော့ချရမည့်နည်းလမ်းများ၊ မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့် နည်းလမ်းများ၊ Fire Hotspot များ၏ အကြောင်းအရင်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် သစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်ခြင်းကြောင့် ရာသီဥတုကောင်းမွန်လာစေခြင်း အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။

ဟောပြောပွဲသို့ အ.ထ.ကသဲကုန်းကျောင်းမှ ဆရာ/မများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၁၃၄) ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်