မုဒုံ နိုဝင်ဘာ ၂၃
မွန်ပြည်နယ် မုဒုံမြို့တွင် ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/ မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၁ ရက်နေ့က အ.ထ.က (၃)ကျောင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့သိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇောအောင်က ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများအကြောင်း၊ မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေး၊ လေထုညစ်ညမ်းခြင်း အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား၍ သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာနှင့် မီးခိုးမြူငွေ့ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)