တွံတေးမြို့နယ် အ.ထ.က(၂)တွင် လူမှောင်ခို၊လူကုန်ကူးမှု အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လူမှောင်ခို၊ လူကုန်ကူးမှုအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်၁၀ နာရီအချိန်က အ.ထ.က(၂) ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် Polytechnic University (Maubin)(မအူပင်) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ Polytechnic University (Maubin)(မအူပင်) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ကျောင်းအဝင်မုခ်ဦးရှေ့တွင် ကျင်းပခဲ့ရာ တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ယခုနှစ် ဆောင်းသီးနှံ နေကြာ ၃၂၇၀၀၀ ဧက စိုက်ပျိုးသွားမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နာဂဒေသအပါအဝင် ခရိုင်(၁၄)ခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ယခုနှစ် ဆောင်းနေကြာ  ၃၂၇၀၀၀ ဧက စိုက်ပျိုးရန် လျာထားပြီး ယခုနှစ် ‌ အောက်တို ဘာလ ပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ဆောင်းနေကြာ ၁၂၀၂၃၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရေကြည်မြို့နယ်၌ ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် အသက် (၅) နှစ်ပြည့်ပြီး (၇)နှစ်မကျော် သော KG ကျောင်းသား၊ ကျောင်းသူ (၃၄၇၉) ဦးအား ဆုံဆို့-မေးခိုင်ရောဂါ  (DT) ဒုတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး ကျောင်းအခြေပြုထိုးနှံခြင်းနှင့် အသက် (၉) နှစ်ပြည့်ပြီး (၁၀) နှစ်မကျော်သော ကျောင်းသူ (၁၅၂၃) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြုထိုးနှံခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာမူလတန်းကျောင်း ဘုရားကြီးကုန်းကျောင်းမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အထက(၁) ကန့်ဘလူ၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယန်းမြို့၌  ကိုယ်ဝန်ဆောင်မိခင်များ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကျိုင်းဟင် ရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိသည်။

ကြံခင်းမြို့နယ်ရုံး၌ လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအဆင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေး၊ ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်လာစေရန်နှင့် လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အထကာင်းများရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယမန်နေ့နံနက်ပိုင်းက မူလတန်းအဆင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်သည်။

ကဝမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယုမြို့တွင် ဆုံဆို့၊ ကြက်ညှာမေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကာကွယ်ဆေး (HPV) များ ထိုးနှံပေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဆုံဆို့၊ ကြက်ညှာမေးခိုင် ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကာကွယ်ဆေးများ(HPV) ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများကို ထိုးနှံပေးခဲ့ကြောင်းကြသည်။
Subscribe to