တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီက ရှောက်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမူထွန်းက အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာ စကားပြောကြား​ခဲ့သည်။

တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကင်းသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမျိုးနွယ်က ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကား ပြောကြား​ခဲ့သည်။

ပညာရေးဒီဂရီကောလိပ် (ဘားအံ) ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်တားဆီးရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဘားအံပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသားများ စုစုပေါင်း ၃၆၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ် တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုကြောင့် တင်ကျန်ရစ်သော နုန်းများရှင်းလင်းနေမှု ကြည့်ရှုအားပေး

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့သည် တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ လမ်းနှင့်ရေမြောင်းများတွင် တင်ကျန်ရစ်သော နုန်းများအား ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများစုပေါင်း၍ ရပ်ကွက်အလိုက် ဆယ်ယူရှင်းလင်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၇) သို့ တက်ရောက်မည့် သင်တန်းသားများအား တွေ့ဆုံအားပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၇) သို့ တက်ရောက်ကြမည့် သင်တန်းသားများအား သင်တန်းစုရပ်နေရာ၌ သွားရောက်တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

မိုးညိုမြို့ အ.ထ.က ရေကင်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

မိုးညိုမြို့ အ.ထ.က ရေကင်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ မိုးညို နိုဝင်ဘာ ၂၃ မြို့နယ်

မိတ္ထီလာမြို့နယ် အထကခွဲ(အလည်ရွာ)၌ လူငယ်စကားဝိုင်း ကျင်းပ

မိတ္ထီလာမြို့နယ် အထကခွဲ(အလည်ရွာ)၌ လူငယ်စကားဝိုင်း ကျင်းပ မိတ္ထီလာ နိုဝင်ဘာ ၂၃ ချမ်းသာ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရွှေဘုန်းပွင့်ဘုရားလမ်း တိုးချဲ့ဖောက်လုပ်လှူဒါန်းပေးသော လွိုင်ခမ်းအိမ်ရာစီမံကိန်းမှ ရေစက်ချအလှူတော်မင်္ဂလာ တက်ရောက်ချီးမြှင့်ပေး

လွိုင်ခမ်းအိမ်ရာစီမံကိန်းမှ ရွှေဘုန်းပွင့်ဘုရားလမ်းတိုးချဲ့ဖောက်လုပ်သည့် လမ်းအရှည် (၁.၄၃) မိုင်(၇၅၃၉)ပေ၊ အကျယ် (၂၂) ပေအား ACကတ္တရာလမ်းခင်းခြင်း၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ ကျောက်တလုံးလမ်းမကြီးမှ လွိုင်ခမ်းလမ်း (ကံကြီးရေဖြူရွာအနောက်ဘက်အစပ်) ထိ အရှည် (၁.၃၉)မိုင် (၇၃၇၅) ပေ၊ အကျယ် (၂၂) ပေနှင့် တောင်ကြီးမြို့၊ မြကန်သာပန်းခြံအတွင်း ကန်ပတ်လမ်းကွန်ကရစ်ခင်းရန် အလှူငွေများလှူဒါန်းပေးခြင်းအတွက် ယနေ့နံနက် (၁၀) နာရီက တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဓမ္မာရုံတွင် လှူဒါန်းမှုအစုစုအတွက် ရေစက်ချအလှူတော်မင်္ဂလာ ကျင်းပခဲ့ကြကြောင်း သိရသည်။
Subscribe to