လိပ်သို နိုဝင်ဘာ ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတ ရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/ကျောင်းသူများနှင့် ဒေသနေပြည်သူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာပေများ နေ့စဉ်လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိနေကြောင်း သိရသည်။
ပြည်သူ့စာကြည့်တိုက်တွင် သုတ/ ရသ စာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များ၊ အပတ်စဉ်ထုတ် ရွှေသွေးဂျာနယ်၊ တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်စာအုပ်များ တို့ကို စုံစုံလင်လင် ခင်းကျင်းထားရှိသဖြင့် လာရောက်ငှားရမ်း ဖတ်ရှုသူများပြားလျက်ရှိကြောင်း၊ စာကြည့်တိုက်ကို ဗဟုသုတ ရှာဖွေရာနေရာတစ်ခုအဖြစ် ဖွင့်လှစ်ထားရှိသည့်အပြင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဟောပြောပွဲများ၊ စာဖတ်ဝိုင်း ဆွေးနွေးပွဲများနှင့် Talk Show အစီအစဉ်များ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူ့စာကြည့်တိုက်အတွင်းရှိ ကလေးစာဖတ်ခန်းကို ကလေးများ စာပေဖတ်ရှုလေ့လာရန် အတွက် သီးသန့်ဆောင်ရွက်ထားပြီး ကလေးများ စိတ်ကြိုက်ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အရုပ်ဆက်ခြင်း၊ စွမ်းရည်ပြိုင်ပွဲများ စသည့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေမည့် ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်