မောက်မယ် နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါကုန်းလမ်းရပ်ကွက်ရှိ ဦးလုံးရွေး၏ နွားမွေးမြူရေးခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်များထောက်ပံ့ပေးအပ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဉ်များဖြင့် နွားထီး (၃)ကောင်၊ နွားမ(၄)ကောင် စုစုပေါင်း(၇)ကောင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းဌေးတို့က ဦးစိုင်းမေထာထံသို့ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
စိုင်းမျိုးသန့်(မောက်မယ်)