တာချီလိတ်မြို့၌ မယ်ဆိုင်-မယ်ဟောက်ချောင်းတလျှောက် မြန်မာနိုင်ငံဖက်မှ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံများ စတင်ဖယ်ရှား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မယ်ဆိုင်-မယ်ဟောက်ချောင်းတလျှောက် မြန်မာနိုင်ငံဖက်မှ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံနှင့် အုတ်တံတိုင်းများ စတင်ဖယ်ရှားခြင်းကို ယနေ့နံနက်ပိုင်းက တာလော့၊ မယ်ခေါင်နှင့် ရန်အောင်မြေရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

ရန်ကင်းမြို့နယ်ရှိ မြို့မစျေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဈေးများတွင် မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် မီးသတ်ဦးစီးဌာန၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုတို့ဖြင့် ယမန်နေ့ နံနက် ၉ နာရီက ရန်ကင်းမြို့နယ်အမှတ် (၅) ရပ်ကွက်ရှိ ရန်ကင်းမြို့မဈေးမီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ရွှေတောင်မြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ရွှေတောင်မြို့မစျေးအတွင်း သား၊ ငါး၊ ဆန်/ဆီအရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့မစျေးအတွင်း သား၊ ငါး၊ ဆန်/ ဆီအရောင်းဆိုင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂ဝ၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို၊ ယမန်နေ့ ညနေပိုင်းက ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့် အထက်အဘိုးအဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက်(၀၈:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ် ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်‌နေ့က ကျိုင်းတုံခရိုင် အားကစားကွင်းတွင် ကျင်းပသည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးသီးနှံပေါ်ချိန် စပါးတင်းတစ်ရာလျှင် ငွေကျပ် ၁၈ သိန်းကျော်ဈေးဖြင့် ရောင်းချရ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးသည့် ဒေသခံတောင်သူများသည် ဆောင်းသီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်များငှားရမ်း၍ ရိတ်သိမ်းလျက်ရှိပြီး စပါးများလှိုင်လှိုင်ပေါ်လျက်ရှိရာ မိုစပါးဈေးနှုန်းမှာ တင်းတစ်ရာလျှင် ငွေကျပ် ၁၈ သိန်းကျော်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

လမ်းမတော်မြို့နယ် အ.ထ.က (၁) ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ် အ.ထ.က(၁)ကျောင်းအတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်း ပသောလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အ-ထ-က (၁) လမ်းမတော်၊ စွမ်းအားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုံရွာ-ပညာ‌ရေးဒီဂရီကောလိပ်၌ မီးခိုး၊ မြူငွေ့‌ညစ်ညမ်းထိန်းချုပ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်း‌ဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော မီးခိုး၊ မြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပညာ‌ရေးဒီဂရီကောလိပ် ပဥ္စဗလခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ကိုယ်စားပြု အားကစားအသင်းများအား လေဆိပ်၌ လိုက်ပါပို့ဆောင် နှုတ်ဆက်အားပေး

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သဖြင့် ကချင်ပြည်နယ်ကိုယ်စားပြု အားကစားအသင်းများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်အောင်နိုင်မှုရရှိရေးအတွက် လေကြောင်းခရီးစဉ်ဖြင့် ပို့ဆောင်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၅ နာရီက မြစ်ကြီးနားလေဆိပ်၌ လိုက်ပါပို့ဆောင်အားပေးခဲ့သည်။
Subscribe to