စဉ့်ကိုင် နိုဝင်ဘာ ၂၇
မန္တလေးတိုင်းးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိ ပညာ ဗဟုသုတ တိုးပွားစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်တို့ကို ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသော လူငယ် ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က အ.လ.က(တောမ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများ၊ အ.လ.က (တောမ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာစိန်နှင့် ဆရာ/ဆရာများ၊ ကျောင်းသား/သူ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သတ်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက လူငယ်နှင့်ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့သာကြိုးစားကြ ခေါင်းစဉ်များကို ဟောပြောခဲ့ကြသည်။ ၎င်းနောက် အ.လ.က (တောမ)ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာစိန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြီးနောက် ကျောင်းသား/သူများက ခန်းမအတွင်း ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ အသိပညာဗဟုသုတ စုံလင်သည့် သုတ/ရသစာ အုပ်စာစောင်များကို စိတ်ပါ၀င်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်) (၃၉၉)