မိုးနဲမြို့နယ်၌ မြေဩဇာအရောင်းဆိုင်များအား သတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

မိုးနဲ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်အတွင်း ရောင်းချလျက်ရှိသော မြေဩဇာအရောင်းဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိကို သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက မြေဩဇာများရောင်းချရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ /မရှိ၊ မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေး ရောင်းချမှုလိုင်စင်ရှိ/ မရှိ၊ ပိုးသတ်ဆေး အတုများ၊ ရက်လွန်ပိုးသတ်ဆေးများနှင့် ခွင့်ပြုချက်မရှိသော ပိုးသတ်ဆေးများ ရောင်းချခြင်းရှိ /မရှိနှင့် အရောင်းဆိုင်များတွင် မီးသတ်ဆေးဘူးများထားရှိရေးတို့ကို ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)