စမ်းချောင်း နို၀င်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မကူးစက်ရောဂါများကာကွယ်ရေး (NCD) Data Survey ကောက်ယူရေးလုပ်ငန်းကို နို၀င်ဘာ ၂၅ ရက်နေ့ နံနက် (၉) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်၊ ကျွန်းတော(အလယ်)ရပ်ကွက်အတွင်း မကူးစက်တတ်သောရောဂါများဆိုင်ရာစီမံချက်၏ Step Survey ကောက်ယူရေးလုပ်ငန်း (NCD) ဆိုင်ရာ နေပြည်တော်ညွှန်ကြားရေးမှူး ဒေါက်တာသီတာ၀င်း၊ ရန်ကုန်တိုင်း (NCD) Focal ဒေါက်တာမိုးမိုးမြင့်၊ စမ်းချောင်းမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစိုး၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမိမိခိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါ၀င်သောပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
စမ်းချောင်းမြို့အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်တွင် (၂၅-၁၁-၂၀၂၄)မှ (၂-၁၂-၂၀၂၄) ရက်နေ့အတွင်း နေ့အလိုက် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)