ကျိုင်းတုံ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)တွင် ကျင်းပသည်။
အခမ်းနားတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေ ကျိုင်းတုံခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကျိုင်းတုံမြို့နယ်အတွင်း သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် မွေးမြူရေးတိရစ္ဆာန်များကို မွေးမြူရေးသမားများထံ ဖြည့်ဆည်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည့်နည်းပညာပိုင်း၊ ကာကွယ်ကုသရေးဆိုင်ရာများကို သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ပူးပေါင်းဆောင်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါက်တာမျိုးနိုင်နှင့်တာဝန်ရှိသူများက တိရစ္ဆာန်လွှဲပြောင်း/လက်ခံစာချုပ်နှင့် ဝက် (၃၀)ကောင်၊ ဆိတ်(၆၈)ကောင်နှင့် နွား(၃)ကောင်တို့အား ကျိုင်းတုံမြို့နယ်အတွင်း သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များ မွေးမြူရေးသမားထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)