ပန်းတနော်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာမူလတန်းဆင့် ပြီးမြောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပန်းတနော်၊ နိုဝင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်‌၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် အခြေခံပညာမူလတန်းဆင့် ပြီးမြောက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ငွေဌေးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြအဖွဲ့ ခေါင်းဆောင်ဆရာကြီး ဦးတင်အောင်၀င်းက သင်တန်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူးဆရာကြီး ဦးသက်နိုင်အေးက အမှာစကားပြောကြားပြီး လက်ထောက်မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးဝင်းကြိုင်က သင်တန်းစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့ အလုပ်ရုံဆွေးနွေးပွဲတွင် နည်းပြ ၁၀ ဦးတို့က ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပြီး ပန်းတနော်မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း ၂၉၆ ဦးတို့ တက်ရောက်ခဲ့ကြရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၃ ရက်နေ့အထိ  ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)