ဇလွန်မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန် ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံအိမ်ထောင်စုများအား ကြက်ဥများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီတွင် မြို့မစျေးသစ်တွင် ရောင်းချပေးခဲ့သည်။

ကော့သောင်းမြို့တွင် ကျောင်းသား၊ကျောင်းသူများ လူငယ်စကားဝိုင်း ဆွေး‌နွေးပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ပုလုံးတုံတုံးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ် သက္ကော(အထက )ကျောင်း၌ "လူငယ်စကားဝိုင်း" ကျင်းပ

ချောင်းဆုံမြို့နယ် သက္ကော(အထက )ကျောင်း၌ "လူငယ်စကားဝိုင်း" ကျင်းပ ချောင်းဆုံ နိုဝင်ဘာ ၂၇ ဦးကျော်ကျော်အောင်

ပဉ္စမအကြိမ်မြောက်၊အမျိုးသားအားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအားကစားသမားများ ရွှေတောင်မြို့နယ်အားကစားခန်းမ၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် သတင်းပေးပို့ခြင်း

ပဉ္စမအကြိမ်မြောက်၊အမျိုးသားအားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအားကစားသမားများ ရွှေတောင်မြို့နယ်အားကစားခန်းမ၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် သတင်းပေးပို့ခြင်း ရွှေတောင်ပြန်/ဆက်

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကြီးမှူး၍ ဆည်ကြီးကျေးရွာ၌ ယနေ့နံနက်(၁၀)နာရီခွဲ အချိန်တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲတို့ကို ကျင်းပပြုလုပ်သည်။

ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌သုတစာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေး Talk Show ကျင်းပ

ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌သုတစာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေး Talk Show ကျင်းပ ကြည့်မြင်တိုင် နိုဝင်ဘာ ၂၇ ခိုင်ဇာလင်း(ပြန်/ဆက်)

မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ၂ဝ၂၄ ခုနှစ်စာဆိုတော်နေ့ အထိမ်းအမှတ် ကဗျာရေးစပ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်သော ၂ဝ၂၄ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် ကဗျာရေးစပ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကိုများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ် နှစ်ပတ်လည်အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွံ​တေးမြို့နယ်တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ လက်ရေးလှ၊ ကဗျာရွတ်၊ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည် မြင့်မားလာစေရန်အတွက် လက်ရေးလှ၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်းတို့ကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က(၂) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to