မိုင်းပန် နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်အတွင်း ဌာနဆိုင်ရာများစုပေါင်း၍ မီးခိုး/မြူငွေ့လျှော့ချရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း (မိုင်းပန်)၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးရန်ပိုင်ထွန်းက မြူခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ကျန်းမာရေးအပေါ်ထိခိုက်မှုများ၊ နယ်မြေတာဝန်ခံတောအုပ် ဦးထွန်းဝင်းနှင့် ဦးစောယုယချိုတို့က ရာသီဥတုပြောင်းလဲမှု၊ သစ်တောများ၏ အရေးပါပုံနှင့် တရားမဝင်သစ်ပင်များခုတ်ခြင်း၊ သယ်ဆောင်ခြင်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲအုပ်ရန်နိုင်စိုးက သစ်တောသစ်ပင်များထိန်းသိမ်းရေးနှင့် စနစ်တကျအသုံးပြုရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးနှင့် မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်က မီးဘေးအန္တရာယ် အသိပညာပေးဟောပြောခဲ့ပြီး သစ်တောဦးစီးဌာနမှ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသား/သူများမှ မီးခိုး/မြူငွေ့လျှော့ချရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၌ သိရှိလိုသည်များ မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)