ထန်းတပင်မြို့နယ်၌ ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ရောဂါကာ ကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံ

ထန်းတပင် နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းအခြေပြု ဆုံဆို့မေးခိုင်ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အသက်အရွယ်အလိုက်ထိုးနှံပေးခြင်းကြောင့် ရောဂါဖြစ်ပွားမှုများ ကျဆင်းလာစေရန်ရည်ရွယ်၍ ၂၀၂၄- ၂၀၂၅ ခုနှစ် ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အသက်(၅)နှစ်ပြည့်ပြီး(၇)နှစ်မကျော်သော (K.G) ကျောင်းသား၊ ကျောင်းသူ(၆၇)ဦးအား ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သော ကျောင်းသူ(၂၀)ဦးတို့ကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိသောကျောင်းများကိုလည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)