နေပြည်တော် နိုဝင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်အုပ်စု အ.ထ.က.(ခွဲ) ရွာသစ်တွင် ကျင်းပသည်။
ဟောပြောပွဲတွင် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်များတွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရေး၊ စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး ဗဟုသုတများရရှိရေး၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးနှင့်ပတ်သတ်၍ ရှင်းလင်းဟောပြောခဲ့ သည်။
ယင်းနောက် ဒက္ခိဏသီရိမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်ဝင်းသီရိလှိုင်က ထူးချွန်ထက်မြတ်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရေး၊ အားကစားနည်းစနစ်များ၊ အားကစားနှင့်ပတ်သတ်သည့်အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ဉာဏ်စမ်းအမေးအဖြေကဏ္ဍတွင် ဆုရရှိသော ကျောင်းသူ၊ ကျောင်းသားများကို ဗလာစာအုပ်များ ဆုချီးမြှင့် ပေးအပ်ခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက အားကစားပစ္စည်းများကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူသည်။
အခမ်းအနားအပြီးတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)