ဟိုပုံး နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်၊ ရှမ်းပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ၊ ဒေသခံပြည်သူများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ သင်တန်းဆင်းတပ်ခွဲက ကတိသစ္စာခံယူ၍ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်က သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသူများအား တစ်ဦးချင်းဂုဏ်ပြဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားကာ သင်တန်းဆင်းတပ်ခွဲက စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြသည်။ ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်က ဘုရင်နောင်ခန်းမ၌ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း သင်တန်းသားများနှင့်တွေ့ဆုံ၍ ဂုဏ်ပြုစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)