ကျိုင်းတုံ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၅/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့က အမှတ်(၁၁)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင်ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် အမှတ်(၁၁)တပ်မတော်တန်းမြင့်လေ့ကျင့်ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဆက်အောင်က သင်တန်းမိန့်ခွန်းပြောကြားပြီး သင်တန်းထူးချွန်ဆု ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့်တက်ရောက်လာသည့်ဧည့်သည်တော်များက သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးသည်။ အောင်ဇင်မြင့်(ပြန်/ဆက်)