မိုင်းယုဒေသ၌ ဆောင်းသီးနှံ ရွှေဖရုံ၊ ငရုတ်နှင့် အစေ့ထုတ်ပြောင်းများစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

မိုင်းယု  နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသခံတောင်သူများ စိုက်ပျိုးလျက်ရှိသည့် တစ်ပိုင်တစ်နိုင် ဆောင်းသီးနှံများဖြစ်သည့် ကြက်သွန်၊ ငရုတ်၊ အာလူး၊ ခရမ်း၊ ခရမ်းချဉ်၊ ပဲအမျိုးမျိုးတို့အနက်မှ စီးပွားအဖြစ်စိုက်ပျိုးသည့် ရွှေဖရုံ၊ ငရုတ်နှင့် အစေ့ထုတ်ပြောင်းများကို ယခုဆောင်းရာသီ၌ အောင်မြင ဖြစ်ထွန်းနေလျက်ရှိသည်။

ရွှေဖရုံ၊ ငရုတ်နှင့် အစေ့ထုတ်ပြောင်းများကို တာကြန့်ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာအုပ်စုနှင့် မိုင်းလွေကျေးရွာအုပ်စုရှိသည့် စိုက်ပျိုးမြေနေရာများတွင် အများဆုံးစိုက်ပျိုးထားသည့်ကို တွေ့ရှိရပြီး ရွှေဖရုံသီး တစ်ဧကလျင် အလုံးရေ ၁၅၀ဝ မှ ၂၀ဝ၀ အထိ ထွက်ရှိကြောင်းနှင့် ရွှေဖရုံသီး တစ်ကီလိုလျှင် ယခင်နှစ် ဒေသပေါက်ဈေးမှာ ကျပ်(၂၀၀)ပေါက်ဈေးရရှိကြောင်း သိရသည်။

အလားတူ ငရုတ်တွင်လည်း ငရုတ်အစပ်မျိုးကိုသာ ရွေးချယ်စိုက်ပျိုးထားလျက်ရှိကြပြီး ယခင်နှစ် ငရုတ်သီးအစပ်အစိမ်းသီး တစ်ကီလိုလျင် ကျပ် ၃,၀၀၀ ထိ ပေါက်ဈေးရကြပြီး ငရုတ်သီးကို တစ်ပတ်တစ်ကြိမ် ခူးဆွတ်ပေးရပါကြောင်း သိရသည်။

ယခုနှစ် ၂၀၂၄ ခုနှစ်၊ မိုးအစေ့ပြောင်း တစ်ကီလိုပေါက်ဈေးမှာ ၆၆၀ ကျပ် (တရုတ်ယွမ် ၁ ဒဿမ ၂ ကျော့)ပေါက်ဈေးဖြစ်ပြီး ကီလို ၅၀ ပါတစ်အိတ်လျင် ကျပ် ၃၃,၀၀၀(တရုတ်ယွမ် ၆၀) ထိ ရရှိခဲ့ပါကြောင်း တောင်သူများထံမှ သိရှိရသည်။

ကိုကိုနိုင်