စေတုတ္တရာမြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအ‌ထွေထွေရွေးကောက်ပွဲ(အပိုင်း-၂) ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံ‌ရေးတပ်ဖွဲ့များနှင့် နိုင်ငံ့တာဝန်ဖြင့်ခရီးသွားရန်ရှိသူများအား ဇန်ဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့ထိ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ကျောက်ဆည်မြို့ ယူနတီကိုယ်ပိုင်အထက်တန်းကျောင်း၌ လူကုန်ကူးမှုဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ယူနတီကိုယ်ပိုင်အထက်တန်းကျောင်း၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ လူကုန်ကူးမှုဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့ အမှတ် (၇) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ် (၇) အခြေခံပညာမူလတန်း(လွန်) ကျောင်း၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့ပေါ်ရပ်ကွက်များရှိ မဲဆန္ဒရှင်ပြည်သူများအား မဲစလစ်များဖြန့်ဝေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် မဲစာရင်းနံပါတ်များအား Price Tape ဖြင့် ရေးသားကပ်နှိပ်ခြင်းများ ဖြန့်ဝေထားရှိမှု ရှိ/ မရှိ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲ မြို့ပေါ်ရပ်ကွက်များရှိ မဲဆန္ဒရှင်ပြည်သူများအား မဲစလစ်များဖြန့်ဝေခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများတွင် မဲစာရင်းနံပါတ်များအား Price Tape ဖြင့် ရေးသားကပ်နှိပ်ခြင်းများ ဖြန့်ဝေထားရှိမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မိုင်းခုတ်မြို့တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လိုက်မြို့၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း(ဒုတိယအကြိမ်) အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်း (၂) တွင် အဆင်ပြေ‌ချောမွေ့စွာမဲပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းကို ယမန်နေ့ညနေ (၃) နာရီအချိန်က အ.ထ.ကကျောင်းစုံညီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်တောင်းမြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့် မဲဆန္ဒနယ်ပြင်ပ သွားရောက်မည့်သူများ ကြိုတင်ဆန္ဒမဲပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်မည့်သူများနှင့် သင်တန်းတက်ရောက်ရန်နှင့် ကျန်းမာရေးအရ မဲဆန္ဒနယ်ပြင်ပသို့ သွားရောက်မည့်သူများ နိုင်ငံသားအခွင့်အ‌ရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးတို့အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်၍ ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရုံးများတွင် ဆောင်ရွက်လျက်ရှိရာတွင် ကြိုတင်ဆန္ဒမဲပေးမည့်သူများ နေ့စဉ်လာရောက်ဆန္ဒမဲပေးလျက်ရှိသည်။

နတ်တလင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက အ.မ.က (ရွာမ)၌ ပြုလုပ်ခဲ့သည်။

မော်လိုက်မြို့၌ ရာခိုင်နှုန်းပြည့်မဲပေးနိုင်ရန် မဲစာရင်းနံပါတ်ကတ်ပြားများကို တစ်အိမ်တက်ဆင်း (Door to Door)ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်အဆင်ပြေချော‌မွေ့စွာ ‌မဲပေးနိုင်ရန်နှင့် ရာခိုင်နှုန်းပြည့်မဲပေးနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မဲစာရင်းနံပါတ်ပြားများ တစ်အိမ်တက်ဆင်းဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ(၂) နာရီက မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ ရိုးရာရက်ကန်းပညာများ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေရေးအတွက် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်း ခြောက်လသင်တန်းတို့ကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to