ကရသူရိ ဧပြီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်မပ် ဆောက်လုပ်ပြီးစီးဖြစ်သဖြင့် ဧပြီ၁၃ရက်(မဟာသင်္ကြန်အကြိုနေ့)မှစ၍ တစ်နိုင်ငံလုံးနှင့်အတူ ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။
၁၃၈၇-၈၈ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်တွင်အကြိုနေ့မှ အတက်နေ့အထိ ပျော်ရွှင်စွာရေကစားခြင်း၊ ရေပက်ခြင်း၊ ကပြဖျော်ဖြေခြင်း၊ စတုဒီသာများကျွေးမွေးခြင်း၊ စုပေါင်းအလှူဒါနပြုလုပ်ခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးရွယ်အို အဘိုးအဘွားများအား ခေါင်းလျှော်ပေးခြင်း၊ ပူဇော်ကန့်တော့ခြင်းတို့ကိုပြုလုပ်မည်ဖြစ်သည်။
အဆိုပါ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပျော်ရွှင်စွာကျင်းပနိုင်ရေး မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ ပူးပေါင်း၍ မဟာသင်္ကြန် မပ်ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကရသူရိပြန်/ဆက်