ကရသူရိမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ရေကစားမဏ္ဍပ်များ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်၍ ပျော်ရွှင်စွာ ရေကစားနိုင်ရေး ရေကစားမများကို မြို့ပေါ်ရပ်ကွက်များ၌ ဧပြီလ ၉ ရက်နေ့မှ စ၍ ဆောက်လုပ်လျက်ရှိသည်။

ငပုတောမြို့၌ တိုင်းရင်းဆေးအသိပညာပေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ တိုင်းရင်းဆေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဧပြီ ၉ ရက်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့) ကျင်းပ

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ယနေ့နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ တက်ရောက်ကြသည်။

လားရှိုးမြို့တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်‌ရေး ယိမ်းအကအလှအဖွဲ့များ ကြိုတင်ပြင်ဆင်မှု အခြေအနေများအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အား ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ အမှတ် ၁ သီရိမဟာရပ်ကွက်၊ နယ်မြေ ၆ ရှိ လွတ်လပ်ရေးပန်းခြံအတွင်း၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ဖြစ်ပြီး  ယိမ်းအကအလှအဖွဲ့များ ကြိုတင်ပြင်ဆင်မှု အခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

မင်းလှမြို့တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်/စာစောင်ပြသပေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြုလုပ်သည့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် သုတ၊ ရသစာအုပ်/စာစောင်ပြသခြင်းများကို ယနေ့နံနက် ၁၀ နာရီခွဲက မင်းလှမြို့၊ အမှတ်(၈)ရုံးရပ်ကွက် မြောက်ပိုင်းဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဇေယျာသီရိခရိုင်နှင့် ဥတ္တရသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ဇေယျာသီရိခရိုင်နှင့် ဥတ္တရသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပုဗ္ဗသီရိမြို့နယ်ရှိ ဇေယျာသီရိခရိုင်စုပေါင်းရုံး၌ ကျင်းပသည်။

စလင်းမြို့နယ်တွင် ဘောလုံးအားကစားနည်းသင်တန်း ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဘောလုံးအားကစားနည်း  အဆင့်တန်းတိုးတက်မြှင့်မားစေရန်၊ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်အတွက် နွေရာသီဘောလုံးအားကစားနည်းသင်တန်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေလျက်ရှိကြောင်း သိရသည်။

ကလောမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် (၁၃၈၇) ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုများဖြင့် ယခုအချိန်၌ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဝင်များက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။

ငဖဲမြို့နယ် ရှောက်ဝကျေးရွာတွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း Book Club အသင်းတို့ ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက ရှောက်ဝကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်သည်။
Subscribe to