ဇီးကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို စက်တင်ဘာလ ၈ ရက်နေ့ မွန်လွဲပိုင်းက အ.လ.က(ခွဲ) ဝက်ကော်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံ၌ အမွှာမွေးမိခင်အားထောက်ပံ့ငွေနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံဆရာဝန်ကြီး ဒေါက်တာတင်ထွန်းအောင် ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများက အောင်မြင်စွာခွဲစိတ်မွေးဖွားပေးခဲ့သည့် သက်ဦးမိန်းကလေးနှစ်မွှာပူးမွေးဖွားသော ကွမ်းသီးချောင်းကျေးရွာအုပ်စု၊ အရှေ့ရွာသစ်ကျေးရွာနေ မခင်ပပလှိုင်အားထောက်ပံ့ငွေနှင့် အာဟာရဖြည့်စွက်စာများပေးအပ်ခြင်းကို ယနေ့နံနက် (၁၁) နာရီခွဲအချိန်ကမြို့နယ် ပြည်သူ့ဆေးရုံ၌ ထောက်ပံ့ခဲ့ကြောင်းသိရသည်။

တီးတိန်မြို့၌ အီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်းရှင်းလင်းပြသခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲ ပြုလုပ်

ချင်းပြည်နယ်တီးတိန်မြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဦးဆောင်မှုဖြင့် အီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း ရှင်းလင်းပြသခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာရှိ ပညာအလင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာ၊ ပညာအလင်း စာကြည့်တိုက်၌ ယနေ့နေ့လယ်ပိုင်းက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် အသိပညာပေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ကြသည်။

မြောင်းမြခရိုင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတွင် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြတ်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်လင်းပြောကြားခဲ့ပြီး "စာဖတ်ခြင်း၏အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ရူပါအေးနှင့် လက်ထောက်ကထိက ဒေါ်ယဉ်ယဉ်ထွဋ်တို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် စကြည်လင်းဇော်က "စာဖတ်ဝါသနာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတနာနိုင်က "စာအုပ်စာပေလူ့မိတ်ဆွ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်နိုင်နိုင်းက "လူငယ်နှင့်စာပေလေ့လာမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတီဦးက "ပညာခေတ်မှာပညာရှာ" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုမေးမြန်းကြရာ ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မြန်မာအီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine (MEVM) စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းနှင့် MEVM စက်များဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားသို့ တက်ရောက်

မြန်မာအီလက်ထရောနစ်မဲပေးစက် Myanmar Electronic Voting Machine ( MEVM ) စက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းနှင့် MEVM စက်များဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ကို စက်တင်ဘာလ ၁၁ ရက် နံနက် ၉ နာရီခွဲက ဟားခါးခရိုင်စုပေါင်းရုံးရှိ ချယ်ရီခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေ ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇာထန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဗဟိုအဆင့်နည်းပြများ၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

မြင်းခြံမြို့ အ.ထ.က (၃) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အ.ထ.က (၃) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၁ နေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်းမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ မိုင်းယောင်း စက်တင်ဘာ ၁၁ ဝေဝေခိုင်(ပြန်/ဆက်)

မိုင်းယောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ မိုင်းယောင်း စက်တင်ဘာ ၁၁ ဝေဝေခိုင်(ပြန်/ဆက်)
Subscribe to