လိပ်သို ဧပြီ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့တွင် ဒေသနေပြည်သူများ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ၊ ရည်ရွယ်ချက်များ၊ တားမြစ်ချက်နှင့် ပြစ်ဒဏ်များ၊ ဉာဏ်ရည်မသန်စွမ်းအမျိုးအစားများ၊ မတူကွဲပြားမှုရှိသော လူသားများထဲမှ မသန်စွမ်းသူများ၊ မသန်စွမ်းမှု အမျိုးအစားနှင့် လက်ရှိအခြေအနေများကြောင့် လွယ်ကူစွာ ရယူသုံးစွဲနိုင်မှုမရှိသေးသည့် ကဏ္ဍများ စသည့် အသိပညာပေးအကြောင်းအရာများပါရှိပြီး နံရံကပ်စာစောင်များအား ဒေသနေပြည်သူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း