ကျောက်ပန်းတောင်းမြို့၌ မီးဘေးလုံခြုံရေးနှင့် မိုးသက်လေပြင်းတိုက်ခတ်နိုင်မှုများ သတိပြုကြရန် အသိပေး

ကျောက်ပန်းတောင်း ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ပူပြင်းခြောင်းသွေ့မှု နှင့်အတူ မိုးသက် လေပြင်းများ ကျရောက်လာနိုင်သဖြင့်၊ မီးဘေးလုံခြုံရေးနှင့် လေပြင်းဘေးတို့အား ပြည်သူများ သတိပြုနေထိုင်ကြရန် အသိပေးနှိုးဆော်ခြင်းကို ဧပြီ ၉ ရက် ညနေ ၃ နာရီက  မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ် လမ်းများအလိုက် လှည့်လည်ဆော်ဩသည်။

ကျောက်ပန်းတောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင် များသည်၊ ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလရောက်ရှိလာခြင်းနှင့်အတူ မိုးသက်လေပြင်းများ ကျရောက်မှု အန္တရာယ်များ ကြုံတွေ့လာနိုင်သဖြင့် မီးဖိုမီးအသုံးပြုသူများနှင့် လျှပ်စစ်မီးဖြင့် လုပ်ငန်းသုံးဆောင်ရွက်နေသူများ မီးသတိပြုကြရန်၊ ပူပြင်းခြောက်သွေ့မှုနှင့်အတူ မိုးသက်လေပြင်း ကျရောက်လာနိုင်သဖြင့် မိုးသက်လေပြင်းကျရောက်စဉ် လမ်းမများပေါ်၌ သွားလာခြင်းမပြုကြရန်၊ လျှပ်စစ်ဓာတ်တိုင်များ၊ ဓာတ်ကြိုးများအောက်တွင် နေထိုင်ခြင်းမပြုကြရန်နှင့် သစ်ပင်၊ သစ်ကိုင်းများအောက်တွင် နေထိုင်ခြင်းမပြုကြရန်တို့ကို၊ မြို့လယ်လမ်းမကြီးနှင့် အရှေ့/အနောက် မြို့ပတ်လမ်းတို့တွင် မီးသတ်ရေသယ်ယာဉ်မှ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)