တံတားမြို့၌ နွေရာသီ အခြေခံဂီတာတီးသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီ အခြေခံဂီတာတီးသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်‌နေ့က ကျင်းပပြုလုပ်သည်။

ဇလွန်မြို့နယ်၌ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်ဆည်မြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဆူးကုန်းအုပ်စု၊ အရှေ့အေးမြသာစည် ရပ်ကွက်၌ ယနေ့နံနက် ၉ နာရီက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။

ခန္တီးမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်

၂၀၂၆ ခုနှစ်၊ ဧပြီလ၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ခူးလတွင် ကျရောက်သည့် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်၍ (ဗဟို) သင်္ကြန်မဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ကို ကမ်းနားလမ်းရှိ We Love Hkamti အနီးတွင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ပူတာအိုခရိုင်၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါ (ပညာဒါန)သင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် I.P.S.S Putao ကိုယ် ပိုင်မူလတန်းကျောင်းတို့ပူးပေါင်းမှုဖြင့် ကျောင်းသား ကျောင်းသူများ အခြေခံအင်္ဂလိပ်သဒ္ဒါကို တတ်မြောက်နိုင်ရန်၊ နွေရာသီကျောင်းပိတ်သည့်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် ပညာဒါနအဖြစ် ဖွင့်လှစ်သည့် အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ် သဒ္ဒါသင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီလ(၁၀)ရက် ညနေ (၃)နာရီခွဲက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

မြစ်သားမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းတုန်းမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်ကို ဧပြီလ ၁၃ ရက် အကြိုနေ့မှ ၁၆ ရက် အတက်နေ့အထိ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် မြို့မိ မြို့ဖ စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ကျောက်ကြီးမြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီးအရှေ့ ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တုအဝိုင်း ဝဲပျံဘုန်းတော်ကြီးကျောင်းရှေ့ မြန်မာ့ရိုးရာအတာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ယနေ့နံနက် ၇ နာရီခွဲ အချိန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုပြုလုပ်ခဲ့သည်။

လယ်ဝေးမြို့နယ်၌ ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များ ဆောက်လုပ်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များအား ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ခရိုင်အဆင့် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၊ စတုဒီသာအလှူများ၊ ယိမ်းအဖွဲ့များ ဖျော်ဖြေရေးအစီအစဉ်များဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
Subscribe to