ပလောက်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းပေါင်းစုံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ(၂)နာရီက ပလောက်မြို့ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့ အ.လ.က(ခွဲ) ဝင်းကမော့ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို စက်တင်ဘာလ ၁၁ ရက်နေ့နံနက် ၁၀ နာရီက အ.လ.က(ခွဲ) ဝင်းကမော့ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ပုဗ္ဗသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) ပညာရေးဌာနတို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။

လားရှိုးမြို့ ပြည်သူ့‌ဆေးရုံကြီးတွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၁၀ ရက်နေ့က ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

ဇမ္ဗူသီရိမြို့နယ်၌ ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော် သာသနာရေးမှူးရုံး၌ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်နေ ထုတ်ဝေသူ အမျိုးသားစာပေဆုရ စာရေးဆရာ အောင်စိုးက ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက ဟိုပုံးမြို့ ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်ခဲ့ကြသည်။

ကွန်ဟိန်းမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက  မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန် မိမိတို့သိထားသောဗဟုသုတများကို အချင်းချင်းပြန်လည်မျှ ဝေတတ်စေရန်ရည်ရွယ်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်နှင့်စာဖတ်ခြင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျွန်းရောင်းကျေးရွာအုပ်စု၊ ကြို့ပင်ဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။

ရမည်းသင်းမြို့ အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်းမှ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

(၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် ရမည်းသင်းမြို့ အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ရဲမှူးကြီးဥက္ကာကို ဦးဆောင်၍ အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်း ကွပ်ကဲမှုအောက်ရှိ ရတဖ(၁၈)တွင် ဖွင့်လှစ်သည့် ရဲတပ်သားသစ် သင်တန်းအမှတ်စဉ် ၂၂၉/၂၅ ဗလတပ်ခွဲမှ သင်တန်းသား ၁၂၀ ဦးသည် ၁၀-၉-၂၅ ရက်နေ့ နေ့လည်ပိုင်းနှင့် ၁၁-၉-၂၅ ရက်နေ့ နေ့လယ်ပိုင်းတို့တွင် နေပြည်တော် အမှတ်(၂)တပ်မတော် စစ်ဆးရုံ ကုတင် (၁၀၀၀)၌ စုပေါင်း သွေးလှူဒါန်းခဲ့ကြရာ ရောဂါဗေဒပါရဂူ ဗိုလ်မှူး မင်းမင်းစိုးမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဖြည့်စွက်စာ ကြက်ဥ၊ ဘီစကစ်မုန့်၊ နို့မှုန့်နှင့် အားဆေးများအား ပြန်လည် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Subscribe to