မိတ္ထီလာမြို့နယ် ညောင်ပင်သာ ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း( (RBF) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်  ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်း

မိတ္ထီလာ ဧပြီ ၁၀

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ညောင်ဇောက်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအား(RBF)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ‌‌ ကျေးလက်စီးပွား မြင့်မား‌ရေးရန်ပုံငွေလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပသည်။

‎‎ဦးစွာ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိုက်က ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၊ အငယ်စား၊ အလတ်စားနှင့်အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးရရှိစေရန်နှင့် အစုအဖွဲ့စနစ်ဖြင့် လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍   ရှင်းလင်းပြောကြားသည်။

‎‎ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းလက်စွဲပါ ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် လိုက်နာရမည့်စည်းကမ်းများ ချေးငွေထုတ်ချေးရာတွင် လိုက်နာရန်စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျေးရွာတာဝန်ရှိသူများက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည်များမေးမြန်းရာ မြို့နယ်ဦးစီးမှူး ဦးထိုက်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ကျေးရွာသူ၊ကျေးရွာသားများက ကျေးရွာလုပ်ငန်းအဖွဲ့ကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။

၆၀၂