ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်

ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ (၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း  အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ပြည်သူ့စစ်မှုထမ်းများနှင့် ဖိတ်ကြားထားသူများ  တက်ရောက်ကြသည်။

တွံတေးမြို့နယ်၌ အိမ်တွင်းလက်မှုသိုးမွှေးချည်ထိုးနည်း သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သော နွေရာသီအိမ်တွင်းလက်မှုသိုးမွှေးချည်ထိုးနည်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၄ ခရိုင် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဧပြီလ ၁၀ ရက် ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။

ပန်းတောင်းမြို့နယ်၌ စားသုံးဆီများအား ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသုံးဆီဖူလုံစေရန်နှင့် ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ဆီကုန်သည်နှင့် ဆီအရောင်းဆိုင်များ၌ စားအုန်းဆီများအား ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း၌ ဧပြီ (၁၃)ရက်နေ့မှ (၁၆)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲအခမ်းအနားကို ဧပြီ ၁၀ ရက် ညနေ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အင်းမမြို့တွင် စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ တာဝန်ရှိသူများ လိုက်လံစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် စားအုန်းဆီဝယ်ယူရာတွင် ရည်ညွှန်းစျေးနှုန်းအတိုင်း ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ စားအုန်းဆီအရောင်းဆိုင်များအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ဒလမြို့နယ် ကမာကဆစ်ဈေးတွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့ညနေပိုင်းက ကမာကဆစ်ဈေးရှိ ကုန်ပစ္စည်းအရောင်းဆိုင်များသို့ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

သဲကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်ပြည့်စုံကြွယ်ဝစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးဟောပြောပွဲ၊ လူငယ်​ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အင်းမမြို့၊ သီရိရတနာရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် အပူဒဏ်အန္တရာယ်ဖြစ်ပေါ်​လာပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော ကျန်းမာရေးဆိုးကျိုးပြဿနာများ မဖြစ်ပွားစေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများတွင် အပူဒဏ်အန္တရာယ်ဖြစ်ပေါ်လာပါက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ထားရှိကြောင်း သိရသည်။
Subscribe to