စစ်ကိုင်းမြို့၊ ထူပါရုံ အ.လ.က(ခွဲ)တွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း ဇန်နဝါရီ ၁၁

စစ်ကိုင်းမြို့၊ ထူပါရုံအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် Grade–5 ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” တေးသီချင်းသီဆို၍ ဖွင့်လှစ်ပေးပြီး ထူပါရုံအခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျောင်းအုပ် ဆရာမကြီး ဒေါ်လှိုင်သင်းကျော်က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာ မိမိတို့မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံပညာထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရေးတို့အတွက် ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘ များ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အတန်းအလိုက် ပညာရည်ချွန်ဆုရရှိသူများ၊ မြို့နယ်အဆင့် ထူးချွန်ဆုရရှိသူ ကျောင်း သား၊ ကျောင်းသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)