ကျောက်ဆည် ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် “တို့ကမ္ဘာသာယာဖို့ အမှိုက်စနစ်တကျစွန့်ပစ်စို့” ဆောင်ပုဒ်နှင့်အညီ ခရီးသွားပြည်သူများအနေဖြင့် အမှိုက်များကို လမ်းများပေါ်တွင် အလွယ်တစ်ကူမစွန့်ပစ်ဘဲ အမှိုက်ပုံး၊ အမှိုက်ကန် ရှိသည့်နေရာများတွင် စနစ်တကျစွန့်ပစ်နိုင်ရေး စွန့်ပစ်ပစ္စည်းများနှင့် တစ်ခါသုံး ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး Campaign ကို ယနေ့နံနက်ပိုင်းက ပြည်ပန်းကျေးရွာအနီး ကျောက်ဆည်မြို့ရှောင် ရန်ကုန်-မန္တလေးကားလမ်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှိုက်စနစ်တကျစွန့်ပစ်ရေး Campaigm ပြုလုပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ခရိုင်မြို့နယ်မိခင်နှင့်ကလေးနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ ရန်ကုန်-မန္တလေးကားလမ်း ခရီးသွားပြည်သူများအား ပလပ်စတစ်လျှော့ကျသော ပတ်ဝန်းကျင်ဖြစ်စေဖို့ ပညာပေးအကြောင်းအရာ (၉)ခု၊ အမှိုက်ထွက်ရှိမှု နည်းပါးရေးနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုသည့်နည်းလမ်းများ၊ အမှိုက်များကို စန်စတကျထုပ်ပိုးခြင်း၊ အမှိုက်စွန့်ပစ်ရန်နေရာများတွင် အမှိုက်များစွန့်ပစ်ခြင်း၊ အမှိုက်များကိုခွဲခြားစွန့်ပစ်ခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှု၊ ကြွပ်ကြွပ်အိတ်လျှော့ချရမည့် နည်းလမ်းငါးသွယ်၊ ပလတ်စတစ်အသုံးပြုမှု၏ ဆိုးကျိုးများ အမှိုက်စနစ်တကျစွန့်ပစ်ရေးစသည့် အသိပညာပေးစာသားများ ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး အမှိုက်များအား လမ်းမပေါ်တွင် မစွန့်ပစ်ဘဲ အမှိုက်ပုံး၊ အမှိုက်ကန်ရှိသည့်နေနရာများတွင် စနစ်တကျစွန့်ပစ်ကြပါရန် စာသားပါသည့် စတေကာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)