မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် “တို့ကမ္ဘာသာယာဖို့ အမှိုက်စနစ်တကျစွန့်ပစ်စို့” ဆောင်ပုဒ်နှင့်အညီ ခရီးသွားပြည်သူများအနေဖြင့် အမှိုက်များကို လမ်းများပေါ်တွင် အလွယ်တစ်ကူမစွန့်ပစ်ဘဲ အမှိုက်ပုံး၊ အမှိုက်ကန် ရှိသည့်နေရာများတွင် စနစ်တကျစွန့်ပစ်နိုင်ရေး စွန့်ပစ်ပစ္စည်းများနှင့် တစ်ခါသုံး ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး Campaign ကို ယနေ့နံနက်ပိုင်းက ပြည်ပန်းကျေးရွာအနီး ကျောက်ဆည်မြို့ရှောင် ရန်ကုန်-မန္တလေးကားလမ်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။