ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၁၁
ကျောင်းသား၊ မိဘ၊ ဆရာတို့၏ ပူးပေါင်းပါဝင်လှုပ်ရှားဆောင်ရွက်ခြင်း၊ ကာယ၊ ဉာဏဘက်စုံထူးချွန် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဆုများချီမြှင့်ခြင်းနှင့် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူကလေးငယ်များကို အတုယူကာ ကြိုးစားဆောင်ရွက်စေရန်အတွက် ၂၀၂၄-၂၀၂၅ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က(ထန်းတပင်)ကျောင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်ကြည်ကြည်မြင့်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဆုရရှိခဲ့ကြသည့်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကာယ၊ ဉာဏပြိုင်ပွဲများတွင်ထူးချွန် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဆုများကိုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အ.ထ.က(ထန်းတပင်)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်တွင်လည်း ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဥ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသလို အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများမှဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)