ရွှေတောင် ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ မြို့နယ်စည်ပင်သာယာရေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်မှအဖွင့် အမှာစကားပြောကြားပြီး ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဆုရသင်တန်းသူများအား ဆုများအသီးသီး ဆုချီးမြှင့်ခဲ့ပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကီု (၁-၁၂-၂၀၂၄) ရက်နေ့မှ (၁၀-၁-၂၀၂၅) ရက်နေ့ထိဖွင့်လှစ်၍ သင်တန်းသူ (၂၀) ဦးတက်ရောက်ခဲ့ပြီး တစ်ပိုင်တစ်နိုင် မိသားစုစီးပွားရေးဝင်ငွေရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲသို့ ပြည်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)