အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဇန်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ဈေးများတွင် မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်ရှိ လေဟာပြင်ဈေးနှင့် ကြို့ကုန်းအနောက်ရပ်ကွက်ရှိ ပန်းဈေးတိုတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဈေးအတွင်းရှိ ဆိုင်ခန်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အင်းစိန်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ ဈေးတာဝန်ခံများနှင့် ဈေးသူ၊ဈေးသားများအား  ဂတ်(စ်)အိုး မီးလောင်မှုအား မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးလောင်မှုအား Bar ပိတ်၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးလောင်မှုအား အောက်စီဂျင်ဖြတ်တောက်၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်နှင့် မီးသတ်ဆေးဘူးအားအသုံးပြု၍ လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်း မီးလောင်မှုအား ဖုံးအုပ်ငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို