တာလေမြို့၌ ​ကျေးရွာစာကြည့်တိုက် တည်ဆောက်​နေမှုအား ကွင်းဆင်းကြည့်ရှုစစ်​ဆေး

တာလေ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ခွဲအတွင်း မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေးရန်ပုံ​ငွေဖြင့် အ​ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြသည်။

ရှေးဦးစွာ မြို့စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် မြို့ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်တို့က ပါလိုင်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်​ရေးရန်ပုံ​ငွေဖြင့် ကျပ်သိန်း(၁၅၀)ဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်သည့်  စာကြည့်တိုက်အသစ် တည်ဆောက်​နေမှုအ​ခြေအ​နေများကို ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​​ကြောင်း သိရသည်။

ထိုနောက် စာကြည့်တိုက်အမြန်ဆုံးဖွင့်လှစ်နိုင်ရေးနှင့် စာအုပ်၊ စာစောင်များ ပိုမိုများပြားစေရန်ဝိုင်းဝန်းလှူဒါန်းကြရန်စသည့် လိုအပ်ချက်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်ပေးခဲ့​ကြောင်း သိရသည်။

စုမြတ်ထွေး(ပြန်/ဆက်)