မိုင်းခတ် ဇန်နဝါရီ ၁၁
ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေးနှင့် စဥ်းစားတွေးခေါ်မှု မြှင့်မားစေရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြော၍ တက်ရောက်လာကြသော အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ကျောင်းသား၊ ကျောင်းသူများက မိမိကြိုက်နှစ်သက်ရာစာအုပ်စာစောင်များ ငှားရမ်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)